Release date : 2024-10-06
Production country :
United States of America
Production company :
CBS, Paramount+
Durasi : 48 Min.
Popularity : 76.5434
8.04
Total Vote : 1558
ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။ အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ အကူအညီကိုရယူထားပြီး ရိုက်ကူးရေးအဖွဲ့ရဲ့ ၇၀ရာခိုင်နှုန်းလောက်က စစ်ရေးအတွေ့အကြုံရှိတဲ့စစ်မှုထမ်းဟောင်းတွေလို့ ဆိုပါတယ်။ Trent အဖြစ်သရုပ်ဆောင်ထားတဲ့ Tyler Grayဟာဆိုရင်လည်း Delta Forceရဲ့ တပ်ဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။
Related Movies✨

2002

1974

2022

1993

1988

1993

2008

2013

2014

2022

1962
