Release date : 2022-03-02
Production country :
United States of America
Production company :
The CW
Durasi : 42 Min.
Popularity : 92.7127
7.28
Total Vote : 2355
အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂျ် ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂျ် အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။ လူ ၈ ယောက်ကတော့ အဲရိုးစီးရီးမှ ဆာရာလန့်စ်( Canary)၊ ဖလက်ရှ်စီးရီးမှ Hawk မောင်နှံနှစ်ဖော်၊ မီးမုန်တိုင်း ၂ ယောက်၊ ကပ္ပတိန် Cold နဲ့ Heatwave လူမိုက်ကြီး ၂ ယောက် နဲ့ ရေးပါမာ(Atom) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူစုဆောင်းတဲ့ လူတွေဟာ သူရဲကောင်းဖြစ်ချင်စိတ် ထက်သန်နေတဲ့သူတွေ ပင်ကိုယ် သူရဲကောင်းကြီးတွေ မဟုတ်ကြပါဘူး။ လမ်းပျောက်နေတဲ့သူတွေ လူဆိုး သူခိုးတွေပါ။ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ ဘယ်လိုလူမျိုးတွေမှာ မဆို ဖုန်းကွယ်နေတဲ့ သူရဲကောင်းစိတ်လေးတွေရှိပြီ အခွင့်အရေးရခဲ့ရင် ကြုံကြိုက်လာခဲ့ရင် မလွှဲမရှောင်သာတော့ရင် စွမ်းအားတွေ စိတ်ဓာတ်တွေ ပေါ်ထွက်လာနိုင်ပုံကို ပြချင်တယ်လို့ပဲ မြင်မိပါတယ်။
Related Movies✨

2019

2021

2021

2022

2021

1974

1963

1977

1987

2020
