Release date : 2005-09-01
Production country :
Germany, United Kingdom, United States of America
Production company :
Zinc Entertainment Inc., Skyline Films, Studio Hamburg WorldWide Pictures, Sweetpea Entertainment
Durasi : 105 Min.
Popularity : 4
4.60
Total Vote : 134
ပရိုဖီယွန်ကျိန်စာတိုက်ခံထားရတဲ့ သူ့တပည့် ဒါမိုဒါကတော့ မသေနိုင်ဘဲ လူသေမကျ လူရှင်မကျ ဘဝနဲ့ သူ့တာဝန်ကို ဆက်ထမ်းဆောင်ဖို့ ပေါ်လာပါတယ်။ သူဟာ ရှေးတုန်းက လူမျိုးစုတွေ ဝှက်ထားတဲ့ နဂါးနတ်ဘုရားရဲ့ ဓာတ်လုံးကိုပါ ရထားတာမို့ ပိုလည်းအစွမ်းထက်နေပါတယ်။ ဒီကားက အခွန်အရာရှိမင်းသားနဲ့ မှော်ကောင်စီဝင်မင်းသမီး လင်မယားဟာ ရွာတစ်ရွာက လူတွေသေနေကြလို့ သွားကြည့်တဲ့အခါ တောင်တစ်တောင်ရဲ့အတွင်းမှာ နဂါးကြီးတစ်ကောင်ရှိနေတာ သိလိုက်ရပါတယ်။ ဒီနဂါးဟာ ဟိုးနှစ်ထောင်ချီတုန်းက ကမ္ဘာကိုဖျက်ဆီးဖို့ရောက်လာခဲ့တဲ့ နဂါးနတ်ဘုရားဖြစ်ပြီး ရှေးလူမျိုးစုတွေက သဘာဝနတ်ဘုရားရဲ့အကူအညီယူပြီး နဂါးရဲ့စွမ်းအားတွေကို ဓာတ်လုံးတစ်လုံးထဲထည့်ပြီး နဂါးကို တောင်ထဲပိတ်ထည့်ထားခဲ့ကြတာပါ။ ဒါမိုဒါဟာ ဓာတ်လုံးကို ပိတ်ပင်ထားရာကနေ ခိုးပြီး ဖြေလွှတ်ပေးလိုက်တဲ့အတွက် နဂါးကြီးဟာ ပြန်နိုးထလာပါတော့မယ်။ နဂါးပြန်နိုးမထလာခင် လကွယ်ညမတိုင်ခင်မှာ ဓာတ်လုံးကို ဒါမိုဒါလက်ကနေပြန်ယူဖို့နဲ့ ချိပ်ပြန်ပိတ်ဖို့ကို အက်ဇမာသားတွေ ကြိုးစားကြရတော့ပါတယ်။ ဒါမိုဒါကလည်း နဂါးကြီးကို သူ့စွမ်းအားတွေ ပြန်ပေးဖို့ကြိုးစားပါတယ်။
Related Movies✨

1980

2004

2004

1962

1980

2004

2004

2000

2002
