Release date : 2023-04-19
Production country :
United Kingdom, United States of America
Production company :
STXfilms, Toff Guy Films
Durasi : 123 Min.
Popularity : 12
7.75
Total Vote : 2,774
ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာ တာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။ အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ၃၀၀ ကျော်နဲ့မိသားစုတွေအသတ်ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ စကားပြန်တွ ပုန်းအောင်းနေခဲ့ပါတယ်။ အဲဒီမှာ တပ်ကြပ်ကြီးဂျွန်ဟာသူ့ရဲ့ရဲဘော်ရဲဘက်ဟောင်းအာမက်ကို တာလီဘန်ကသတ်ဖို့ လိုက်ရှာနေတဲ့ကြားက ပြန်ဝင်လာပြီးကယ်ထုတ်ဖို့ ကြိုးစားပုံတွေကို ဆက်ပြီးကြည့်ရမှာပါပဲ။
Related Movies✨

2014

1970

1966

2022

1970

1976

1977

2013

2008

2011
