PSV గరుడ వేగ

Release date : 2017-11-03

Production country :
India

Production company :
Jyo Star Enterprises

Durasi : 160 Min.

Popularity : 0

6.22

Total Vote : 9

တရားဥပဒေကို လိုက်နာပြီး အိုင်အက်အေ အရာရှိတစ်ဦးဖြစ်တဲ့ ဆီခါက သူ့ရဲ့အလုပ်ကို တာဝန် သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေး ပြိုကွဲတော့မလိုထိ ဖြစ်ခဲ့ပါတယ် အလုပ်နဲ့ မိသားစု ယှဉ်လာတဲ့အခါ မိသားစုကိုပဲ ရွေးဖို့ဆုံးဖြတ်ကာ အလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကို နောက်ဆုတ်ရင်း လူသတ်မှုကို လိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလို ပေါ်ထွက်လာတဲ့ နိုင်ငံရေး လှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ တစ်ဖက်မှာလည်း နီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့ အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှ ဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သား ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ် ဒီကားထဲမှာ ဆိုရင် ဇာတ်ကွက် အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။