National Treasure

Release date : 2004-11-19

Production country :
United States of America

Production company :
Walt Disney Pictures, Jerry Bruckheimer Films, Saturn Films, Junction Entertainment

Durasi : 131 Min.

Popularity : 7

6.64

Total Vote : 6,465

ဂိတ်စ်တွေဟာ ဘိုးဘေးဘီဘင်ခေတ်ကတည်းကကို ဝှက်စာဖော်တာတွေ ရတနာသိုက်ရှာတာတွေ လုပ်ခဲ့ကြတဲ့သူတွေပေါ့။ မရှိဘူးလို့ ထင်ကြတဲ့ ရတနာသိုက်ကို ရှာရင်း လူတွေက အရူးလို့ သမုတ်တာခံထားရတဲ့လူတွေဆိုလည်း မမှားဘူး။ ဘန်ဂိတ်စ်လက်ထက်မှာတော့ သူတို့မျိုးရိုးရဲ့ ဒီအလှောင်ခံရသမှုကို ချေဖျက်ဖို့ ရတနာသိုက်ကို အရရှာဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ရတနာသိုက်ရဲ့ သဲလွန်စနောက်ကို လိုက်ရင်း အမေရိကန်တည်ထောင်သူဖခင်ကြီးတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းတွေ အစရှိသဖြင့် အမေရိကန်သမိုင်းရဲ့ အထင်ကရအရာတွေနဲ့ ဆက်စပ်လာခဲ့တယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ရဖို့ဖြစ်လာတယ်။ ဒီလိုဖော်ရင်း သူ့သူငယ်ချင်းတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပေမဲ့ ဒီအမွေအနှစ်တွေကိုချစ်တဲ့ အဘီဂေးလ်လို့ ခေါ်တဲ့ ‌မော်ကွန်းတိုက်မှူးလေးရယ်၊ နည်းပညာကျွမ်းကျင်တဲ့ သူ့သူငယ်ချင်း ရိုင်လေရယ်ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ခိုးပြီး ရတနာသိုက်ရှာဖို့ ကြိုးစားရာက FBI ကရော လူဆိုးတွေကရော လိုက်နေတဲ့ကြားက နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ ကြိုးပမ်းကြရတော့တယ်။